Event & Entertainment

အပြည်ပြည်ဆိုင်ရာ Singleများနေ့ (သို့) 11.11 စျေးရောင်းပွဲတော်

Read 245 times

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ Single များနေ့ဖြစ်ပါတယ်။ဒီနေ့လေးက ဘယ်လိုပေါ်ပေါက်လာလဲဆိုတော့ (၁၉၉၃)ခုနှစ်မှာ နန်ကျင်းတက္ကသိုလ်က ကျောင်းသား (၄)ယောက်ဟာ ရည်းစားမရှိလည်း ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြမယ်ဆိုပြီး စတင်သတ်မှတ်ခဲ့ကြတာပါ။ November 11 ဖြစ်တဲ့အတွက် (11/11) ရဲ့ အင်္ဂလိပ် ဂဏန်း (1) တစ်ခုခြင်းစီဟာ သူတို့လေးယောက်ကို ကိုယ်စားပြုတယ်ဆိုပြီး (11.11) ကို စင်ဂယ်များနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

အစိုးရက တရာဝင်ပိတ်ရက်အဖြစ်မသတ်မှတ်ခဲ့ပေမယ့်  တစ်ကမ္ဘာလုံးမှာ ရှော့ပင်းစျေးကွက်နဲ့ Retail စျေးကွက်ကို အကြီးဆုံး ရိုက်ခက်မှုအရှိဆုံး နေ့ရက်လည်းဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အာရှရဲ့ Amazon လို့တင်စားကြတဲ့ Alibaba ကနေပြီးတော့  (၂၀၀၉)ခုနှစ်ရဲ့  Single များနေ့မှာ လျော့စျေးတွေ တော်တော်များများ ချခဲ့တဲ့အတွက်ကြောင့် Single များနေ့ဟာ လျော့စျေးတွေနဲ့ အလုအယက်ရှော့ပင်းထွက်ကြတဲ့ နေ့အဖြစ်လူသိများလာခဲ့ပါတယ်။ 

(၂၀၁၈)ခုနှစ်မှာဆိုရင် Single များနေ့ တစ်ရက်အတွင်းမှာပဲ တရုတ်ယွမ်(၂၁၅.၉)ဘီလီယံ အမေရိကန်ဒေါ်လာအနေနဲ့ (30.7) ဘီလီယံအထိ ရောင်းချနိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာလည်း လျော့စျေးတွေနဲ့ ရောင်းချတဲ့ စျေးရောင်းပွဲတော်တွေ တော်တော်များများ တွင်ကျယ်လာပြီး လူသိများလာကြပါတယ်။ လတ်တစ်လောမှာဆိုရင်လည်း SUNNY eSTORE ရဲ့  (၈၀%)ထိလျော့စျေးပေးနေတဲ့ (11.11) စျေးရောင်းပွဲကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ 

SUNNY eSTORE ရဲ့ စျေးရောင်းပွဲကိုတော့ ဒီလင့်ကနေ  https://bit.ly/3leol3K   ဝင်ရောက်ဝယ်ယူနိုင်ပါတယ်။ 

ဆင်ဂယ်လ်လေးတွေအနေနဲ့ ဒီနေ့မှာ မိမိတန်ဖိုးကို မိမိနားလည်သဘောပေါက်ပြီး ဘဝတူအချင်းချင်း ဖေးမရင်း ဒိတ်လုပ်ကြည့်ကြဖို့အထိ ဆင်ဂယ်လ်ဒေးက အားပေးထားပါတယ်။

 

Bookmark