Business

(၂၀၂၀)ခုနှစ်အတွက် အကောင်းဆုံး ကုန်အမှတ်တံဆိပ်စာရင်းတွင် အဆင့်(၅) ရရှိခဲ့သည့် SAMSUNG

Read 379 times

ကမ္ဘာ့နည်းပညာ ထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်သော SAMSUNG သည် အတိုင်ပင်ခံ ကုမ္ပဏီ တစ်ခုဖြစ်သော Interbrand မှ ထုတ်ပြန်သည့် Best Global Brand (၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး ကုန်ပစ္စည်း အမှတ်တံဆိပ်များ) စာရင်းတွင် အဆင့် (၅) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ 

Samsung Electronics သည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက စုစုပေါင်း ကုန်အမှတ် တံဆိပ်တန်ဖိုး (၂) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး ၎င်း၏ ကုမ္ပဏီသက်တမ်း တစ်လျှောက် စံချိန်တင် ကုန်အမှတ် တံဆိပ်တန်ဖိုးအဖြစ် အမေရိကန် ဒေါ်လာ (၆၂.၃) ဘီလီယံအထိ ပိုင်ဆိုင်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

(၂၀၀၀) ပြည့်နှစ်က အဆင့် (၄၃) နေရာ၌သာ ရပ်တည်နိုင်ခဲ့သော SAMSUNG သည် (၂၀၁၀) ခုနှစ်တွင် အဆင့် ၁၉၊ ထိုမှတဆင့် (၂၀၂၀) ပြည့်နှစ်တွင် အဆင့် ၅ နေရာ၌ ရပ်တည်ခဲ့ပြီး ထိုသို့ မြင့်တက်လာခြင်းသည် ၂၀၀၀ ပြည့်နှစ်၏ အမှတ်တံဆိပ် တန်ဖိုးထက် (၁၂) ဆ ခန့် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

Samsung သည် ဆန်းသစ်မှု အရှိဆုံးသော နောက်ဆုံးပေါ် ထုတ်ကုန်များအား ဈေးကွက်အတွင်း၌ ဆက်တိုက် မိတ်ဆက်ပေးနိုင်ခဲ့ ရုံသာမက နိုင်ငံတကာတွင်လည်း အောင်မြင်သည့် ဈေးကွက်မြှင့်တင်ရေး အစီအစဉ်များ၊ စီမံကိန်းများအား ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ Interbrand မှ ထုတ်ပြန်သည့် တန်ဖိုး အမြင့်မားဆုံးသော အမှတ်တံဆိပ် ၁၀၀ စာရင်းတွင် ထိပ်တန်းအဆင့်၌ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

Samsung သည် ယခုနှစ်တွင် ခေတ်မှီတီထွင် ဆန်းသစ်မှုများ ပါဝင်သည့်  Galaxy Z Flip နှင့် Galaxy Fold 2 ကို ထုတ်လုပ်ခဲ့ပြီး ပြောင်းလဲလာသော လူနေမှု စနစ်များနှင့် ကိုက်ညီမှုရှိစေမည့် နောက်ဆုံးပေါ် အဆင့်မြင့် ထုတ်ကုန်များနှင့်အတူ ဈေးကွက်ကိုလည်း ဦးဆောင်နိုင်ခဲ့သည်။

Bookmark