Event & Entertainment

(၅) ကြိမ်မြောက် ကျင်းပခဲ့သည့် Myanmar Script Fund (MSF) ဆုပေးပွဲ

Read 219 times

MEMORY ရုပ်ရှင်ပွဲတော်သည် Myanmar Script Fund (MSF) 2020 အစီအစဉ်ကို (၅) ကြိမ်မြောက် အောင်မြင်စွာ ကျင်းပ ပြုလုပ်ပေးနိုင်ခဲ့ပြီး ဒီဇင်ဘာ (၉)ရက်နေ့တွင် ဆုပေးပွဲ အခမ်းအနားနှင့်အတူ ပိတ်ပွဲအခမ်းအနားကိုပါ ပြုလုပ်ကျင်းပခဲ့သည်။

Myanmar Script Fund (MSF) 2020 အစီအစဉ်သည် ဇာတ်လမ်းရှည်များ ရိုက်ကူး နိုင်ရန်အတွက် တက်သစ်စ မြန်မာရုပ်ရှင် ဖန်တီးသူများအား ပံ့ပိုးပေးသော အစီအစဉ်တစ်ခု ဖြစ်ပြီး ယခုနှစ်တွင် အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် MSF 2020 အစီအစဉ်တွင် MSF Original အတွက် ဆန်ကာတင် ဇာတ်ကား စုစုပေါင်း (၆)ကား ရွေးချယ်ခံခဲ့ရပြီး အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည့် နှစ်ပတ်တာ ကာလအတွင်းတွင် ၎င်းဇာတ်ကားများမှ ဒါရိုက်တာများနှင့် ထုတ်လုပ်သူများသည် နိုင်ငံတကာ ရုပ်ရှင်နယ်ပယ်မှ ပရော်ဖက်ရှင်နယ်များနှင့်အတူ ဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့ကြသည်။

Myanmar Script Fund (MSF) 2020 အစီအစဉ်တွင် ပေးအပ်သွားမည့် ဆုအမျိုးအစားများ၊ ဆုကြေးငွေများနှင့် အကျိုး ခံစားခွင့်များနှင့် အကြောင်းအရာများမှာ ...

MSF Short-to-Feature

MSF Short-to-Long ဆုသည် ဇာတ်လမ်းရှည် မရိုက်ကူးခင် ဇာတ်လမ်းပိုင်းဆိုင်ရာတွင် ပိုမိုအားကောင်းစေရန် ဇာတ်လမ်းတို ရိုက်ကူးနိုင်ရေး ကူညီပံ့ပိုးပေးသော ဆုအမျိုးအစား ဖြစ်ပြီး ယင်းဇာတ်လမ်းတို ရိုက်ကူး ထုတ်လုပ်နိုင်ရေးအတွက် ဆုကြေးငွေအဖြစ် ယူရိုငွေ (၂,ဝဝဝ) ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။

MSF Script Development 

MSF Script Development ဆုသည် အကောင်းဆုံးဇာတ်ညွှန်း ဆက်လက်ရေးသားရန် အလားအလာအရှိဆုံး Project အား ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဒါရိုက်တာနှင့်အတူ ဇာတ်ညွှန်း ရေးသားမည့် အပိုင်းတွင် ပံ့ပိုးကူညီမည့် တိုင်ပင်ဆွေးနွေးမည့်သူ (Consultant) တစ်ဦးလည်း ပါရှိမည် ဖြစ်သည်။ ဆုကြေးငွေအဖြစ် ယူရိုငွေ (၂,၀၀၀) ပေးအပ် ချီးမြှင့်သွားမည် ဖြစ်သည်။

MSF Open Doors

Open Doors ဆုကို ရရှိခဲ့သည့် ဇာတ်ကား ထုတ်လုပ်ဖန်တီးသူသည် (၂ဝ၂၁) ခုနှစ် သြဂုတ်လတွင် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၁ ခုနှစ် လိုကာနို ရုပ်ရှင်ပွဲတော် (Locarno Festival) ၏ Open Doors Lab တွင် တက်ရောက် ပါဝင်ခွင့်ရမည် ဖြစ်သည်။

MSF 2020 ယှဉ်ပြိုင်မှုအပြီးတွင် ရွေးချယ်ခံရသူများသည် နောက်ဆက်တွဲအနေဖြင့် ရုပ်ရှင် စီမံကိန်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်  နိုင်ငံတကာ ပလက်ဖောင်းများတွင် လျှောက်လွှာတင်ခြင်း ကဲ့သို့သော အစီအစဉ်များကို စိတ်ကြိုက် ရွေးချယ်ခွင့် ရှိလာမည်ဖြစ်သည်။

Bookmark