ဆယ်စုနှစ် (၂) ခုအတွင်း အသေးစားစီးပွားရေးလုပ်ငန်းမှ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းစုကြီးအဖြစ် ပြောင်းလဲလာခဲ့သော Huawei ၏အကြောင်းကို 'ငါတို့စာပေ' မှ “Huawei ခေါင်းဆောင်မှု၊ အစဉ်အလာနှင့် ဆက်သွယ်နိုင်စွမ်းရှိမှု” အမည်ဖြင့် မြန်မာဘာသာသို့ ဘာသာပြန်ဆို ထုတ်ဝေခဲ့ပါတယ်။
ဒီစာအုပ်မှာ Huawei တည်ထောင်သူ Ren Zhengfei ၏ လုပ်ငန်း လုပ်ဆောင်ပုံများနှင့်အတူ သူစတင်ခဲ့သည့် ကုမ္ပဏီကို ထိပ်ဆုံးသို့ ရောက်ရှိလာအောင် ဘယ်လိုဆောင်ရွက်ခဲ့သလဲဆိုတဲ့ အကြောင်းများအပါအဝင် Huawei ကို ဘာလို့ ပုဂ္ဂလိကပိုင် မဟုတ်ဘဲ အစုရှယ်ယာပိုင် ကုမ္ပဏီအဖြစ် လူသိများရခြင်း အကြောင်းအရင်းတွေရဲ့ နောက်ကွယ်မှ အကြောင်းအရာများအားလုံးကို စိတ်ဝင်တစား ဖတ်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။
ဒီစာအုပ်မှာပါဝင်တဲ့ အကြောင်းအရာတွေအပေါ် မူတည်ပြီးတော့ မြန်မာနိုင်ငံရဲ့ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍရဲ့ အရေးပါပုံ စီးပွားရေးတစ်ခုကို ဘယ်လိုစတင်မလဲ၊ ဘယ်လို ချဲ့ထွင်မလဲ နောက်ပြီး စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေအတွက် ဖြေရှင်းတဲ့နည်းလမ်းတွေကို ကိုဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၀၂၀) ခုနှစ်မှာလည်း Huawei က ICT နည်းပညာရဲ့ အရေးပါပုံ၊ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးကဏ္ဍအပေါ် အကျိုးသက်ရောက်လာမည့် နည်းပညာသစ်များကို အများပြည်သူများ အနေဖြင့် ပိုမိုသိရှိစေရန် ရည်ရွယ်ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ အသုံးပြုနေသော ဒီဂျစ်တယ်နည်းပညာများ အကြောင်းကို အသားပေးဝေမျှသည့် “ICT Enhances Sustainable Outlook for New Digital Era in Myanmar” (မြန်မာ့ဒီဂျစ်တယ်ခေတ်သစ်အတွက် ရေရှည်တည်တံ့သော အလားအလာကောင်းများ ဖော်ဆောင်ပေးမည့် ICT ၏ အခန်းကဏ္ဍ) ဆွေးနွေးပွဲကို ကျင်းပပေးခဲ့ပါသေးတယ်။
“Huawei ခေါင်းဆောင်မှု၊ အစဉ်အလာနှင့် ဆက်သွယ်နိုင်စွမ်းရှိမှု” စာအုပ်ကို ဖတ်ရှုလေ့လာလိုတွေ အနေဖြင့် “ငါတို့စာပေ” စာအုပ်တိုက်၏ NDSP Books Faceook စာမျက်နှာကနေ မှာယူနိုင်မှာ ဖြစ်ပါတယ်။