Mandalay Trend

အိပ်ရေးပျက်ခြင်းကြောင့် ထိခိုက်နိုင်တဲ့ Creativity စွမ်းရည်

Read 469 times

အိပ်စက်ခြင်းဆိုတာ လူတွေရဲ့ တစ်နေ့တာမှာ မရှိမဖြစ်လိုအပ်တဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ အိပ်မက်မက်ခြင်းကိုတော့ ဖန်တီးမှုလုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ယူဆချက်တွေ အများကြီးရှိပါတယ်။ 

အာရုံစူးစိုက်မှုညံ့ဖျင်းခြင်း၊ အာရုံစူးစိုက်မှုနည်းပါးခြင်း၊ တီထွင်ဖန်တီးမှုနိမ့်ကျခြင်း၊ အပြောင်းအလဲမြန်သောအပြုအမူများ၊ အလုပ်များများမလုပ်နိုင်ခြင်းနဲ့ အမှားအယွင်းများပြုလုပ်မိခြင်း စတာတွေကအိပ်စက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ 

Want better sleep quality? Turn off the WiFi | Medical News Bulletin

ဒါ့ကြောင့် အိပ်ရေးပျက်ခြင်းက သင့်ရဲ့ Thinking System အခြေစိုက်ရာ ဦးနှောက်ရဲ့ Hippocampus ကို ဆိုးရွားစွာ ထိခိုက်စေပြီး Overall Thinking System တစ်ခုလုံးကို လှုပ်ခတ်စေနိုင်ပါတယ်။

ခန္ဓာကိုယ်မှာ Melatonin ဆိုတဲ့ Sleep Hormone ကည (၈) နာရီကျော်ရင် စပျံ့နှံ့လာပြီး မနက် (၇) နာရီလောက်ထိ ရှိနေတတ်ပါတယ်။ Sleep Hormone တွေအလုပ်လုပ်တာက ည (၁၂) နာရီနဲ့ မနက် (၂) နာရီကြားမှာဖြစ်ပြီး အဲ့ဒီအချိန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်အပျော်ဆုံးအချိန် ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ မအိပ်ပဲနေတာက Melatonin Hijack ဖြစ်စေပြီး ဦးနှောက်ထဲမှာ Stress Hormone တစ်မျိုးဖြစ်တဲ့ Cortisol မြင့်တက်လာစေပြီး ဦးနှောက်ရဲ့ Thinking၊ Planning၊ Language Processing တွေ ပြုလုပ်တဲ့ Hippocampus ကိုထိခိုက်ပါတယ်။

ဗဟုသုတအသစ်တွေ၊ အတွေ့အကြုံအသစ်တွေ၊ မှတ်ဉာဏ်အသစ်တွေ တိုးလာပါက ဦးနှောက်ရဲ့ Hippocampus ကကြီးလာပါတယ်။ Hippocampus ကြီးရင် လူတစ်ယောက်က မှတ်ဥာဏ်ပိုကောင်းလာတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ 

The Costs of Poor Sleep Are Staggering | RAND

Hippocampus သေးနေခြင်းက Thinking Skills၊ Memorizing Skills တွေလျော့ကျသွားပြီး ကိစ္စတွေကို မကြာခဏ မေ့တတ်လာမှာ ဖြစ်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် ရတဲ့ Cortisol (Stress Hormone) က Hippocampus ကို ကျုံ့သွားအောင် ပြုလုပ်ပါတယ်။

တစ်နေ့တာလုပ်ဆောင်ချက်တွေကို ဦးနှောက်က အဓိက လုပ်ဆောင်ပေးပြီး ထောင်ပေါင်း သောင်းပေါင်းများစွာသော အတွေးတွေတွေကနေ တစ်ဆင့် Amyloid Beta ဆိုတဲ့ ဦးနှောက်ကို အဆိပ်အတောက်ဖြစ်စေတဲ့ Hormone က ဦးနှောက်ထဲပျံ့နှံ့နေပါတယ်။ ဒီ Hormone တွေကို အိပ်ပျော်နေတဲ့ အချိန်မှာ ဦးနှောက်က ဖယ်ရှားပေးပါတယ်။ 

ဦးနှောက်မှာ Amyloid Beta ဆိုတဲ့ အဆိပ်အတောက် Hormone မရှိဖို့က အရေးကြီးပါတယ်။ Amyloid Beta က မှတ်ဥာဏ်ချို့တဲ့စေတဲ့ Alzheimer လို ရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။ အိပ်တယ်ဆိုတာ တကယ်တော့ လိုအပ်နေတဲ့ တစ်နေ့တာအနားယူမှုဖြစ်ပေမယ့် အိပ်ပျော်နေတဲ့အချိန်မှာ ဦး နှောက်က မှတ်ဥာဏ်စုစည်းမှုတွေ သာမက စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေနဲ့ စပ်ဆက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ အမှတ်တရတွေကို ပြန်လည်ဖွဲ့စည်းခြင်းနဲ့ စွမ်းရည် စုစည်းခြင်းတို့ ပါဝင်နေပါတယ်။

I CAN'T SLEEP AT NIGHT - Blog Cambly

အိပ်ရေးပျက်ခြင်း များလာပါက High Blood Pressure ( Hypertension )နဲ့  Alzheimer’s Disease ရောဂါတွေ ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ လူတစ်ယောက်အတွက် ပုံမှန်အိပ်တဲ့ အိပ်ချိန်ထားပေးသင့်ပါတယ်။ ဒါက ဦးနှောက်ရဲ့ အလုပ်လုပ်ချိန်ကို ပုံမှန် လည်ပတ်စေသလို မိမိရဲ့ Overall Thinking Skillsနဲ့ Memorizing Skills ကိုကောင်းမွန်စွာ လုပ်ဆောင်စေပါတယ်။ 

အကောင်းဆုံး အိပ်ချိန်ကတော့ ည (၁၀) နာရီနဲ့ မနက် (၆) နာရီအတွင်းဖြစ်ပါတယ်။ စက်တစ်ခုတောင် အသုံးပြုပါများလာရင် ပျက်တတ်ပါတယ်။ ဒါ့ကြောင့် ဦးနှောက်ကိုလည်း ပုံမှန်လည်ပတ်အောင် ပြုလုပ်ပေးသင့်ပြီး သင့်တော်တဲ့ အချိန်အတိုင်းအတာတစ်ခုနဲ့ အနားပေးသင့်ပါတယ်။

Bookmark