Event & Entertainment Health & Wellness

မန္တလေးတိုင်းတွင်းမှ အလှူရှင်များ ပူးပေါင်းကာ COVID-19 Mobile Swab Testing Car (၈) စီး လှုဒါန်းမည်

Read 515 times

မန္တလေးတိုင်း အတွင်းတွင် အောက်တိုဘာ (၁၁) မှစတင်၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်  Mobile Swab Testing Car (၈) စီးကို ပြုလုပ်တပ်ဆင်လျက်ရှိနေပြီ ဖြစ်ပါသည်။ 

မန္တလေးမြို့မှ စေတနာရှင်၊ အလှူရှင်များဖြင့် စုပေါင်းကာ COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနိုင်မည့် Mobile Swab Testing Car (၈) စီးအား ပြုလုပ်တပ်ဆင် ပြီးစီးပါက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ Mobile Swab Testing Car များကို တပ်ဆင်ရာတွင် COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန် (Guidelines) များနှင့်အညီ Swab ယူပေးမည့် ဆရာဝန်များ၊ သူနာပြုများ (သို့) ပညာရှင်များ အနေဖြင့် ဘေးကင်းလုံခြုံမှုရှိအောင် ဆောင်ရွက်ပေးထားပါသေးသည်။ 

၎င်းကားတစ်စီး၏ ကုန်ကျစရိတ်မှာ ငွေကျပ်အားဖြင့် စုစုပေါင်း (၁၁၆) သိန်း ကျသင့်မှာ ဖြစ်ပြီး၊ လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် (၉၆) သိန်းသာ ပေးလှူရမှာဖြစ်ပါတယ်။

ထို့အပြင် Century Mandalay လုပ်ငန်းမှ မျှဝေအလှူအဖြစ် သိန်း (၂၀) ထည့်ဝင် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်းနှင့် ကားများထပ်မံပြုလုပ် တပ်ဆင်ပေးနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 

 

Bookmark